HomeMyanmarအာဆီယံကော်မတီ၊ ပရာ့ဂ်မြို့၏ ၂၃ ကြိမ်မြောက် အစည်းအဝေးသို့ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်(၁၁-၁၂-၂၀၂၂ ရက်)

အာဆီယံကော်မတီ၊ ပရာ့ဂ်မြို့၏ ၂၃ ကြိမ်မြောက် အစည်းအဝေးသို့ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်(၁၁-၁၂-၂၀၂၂ ရက်)

(၁၁-၁၂-၂၀၂၂ ရက်၊ ပရာ့ဂ်)
ချက်နိုင်ငံ၌ ရုံးစိုက်သော အာဆီယံနိုင်ငံ ၆ နိုင်ငံမှ သံရုံးများ (မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်) ဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ၊ ပရာ့ဂ်မြို့၏ ၂၃ ကြိမ်မြောက် အစည်းအဝေးကို ၉-၁၂-၂၀၂၂ ရက်တွင် ကျင်းပခဲ့ရာ၊ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင်နှင့် သံမှူး ဦးစိုင်းကောင်းထက်တို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွင်း အာဆီယံကော်မတီ၊ ပရာ့ဂ်မြို့က ဆောင်ရွက်မည့် အစီအစဉ်များနှင့် ချက်သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ <! —
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News