HomeMyanmarမော်ကွန်းမှတ်တမ်းများ လွှဲပြောင်းပေးအပ်ခဲ့ခြင်း (၂၇-၁၀-၂၀၂၂ရက်)

မော်ကွန်းမှတ်တမ်းများ လွှဲပြောင်းပေးအပ်ခဲ့ခြင်း (၂၇-၁၀-၂၀၂၂ရက်)

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက မော်ကွန်းစံနှုန်းများနှင့် ကိုက်ညီသည့် မှတ်တမ်း(၁၉၄၉)စောင်၊ ဓာတ်ပုံ(၆၆၇၂)ပုံနှင့် မြေပုံ(၈၈၄)ချပ်တို့ကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်ထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မော်ကွန်းနှင့် စာကြည့်တိုက်ဌာနစုတွင် ထိန်းသိမ်းထားရှိခဲ့သော မော်ကွန်းမှတ်တမ်းများကို မော်ကွန်းမှတ်တမ်းများဥပဒေနှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ၂၇-၁၀-၂၀၂၂ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများနှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
(၂၇-၁၀-၂၀၂၂ ရက်၊ နေပြည်တော်) <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News