HomeMyanmarဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် (၂၇-၉-၂၀၂၂ ရက်)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် (၂၇-၉-၂၀၂၂ ရက်)

အဆိုပါ အခမ်းအနားသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ ဦးဆောင်သော အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ဥက္ကဋ္ဌများ၊ တရားရုံးချုပ် တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ ပြည်ပနိုင်ငံပေါင်း (၂၀၀) ကျော်မှ အစိုးရအဖွဲ့ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၃၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပရေးကော်မတီ ၊ ဒုတိယဥက္ကဋ္ဌ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ဟီရိုကာဇူ မတ်ဆူနိုက ဈာပနအခမ်းအနား စတင်ကြောင်း ကြေညာခဲ့ပါသည်။ ရှေးဦးစွာ ဂျပန်နိုင်ငံ၏ နိုင်ငံတော်သီချင်းကို တီးမှုတ်ပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်ခြင်း ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက်(၈-၇-၂၀၂၂) ရက်နေ့က ကွယ်လွန်သွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး၏ တာဝန်ထမ်းဆောင်ခဲ့မှုပုံရိပ်နှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းကို ပြသခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြုစကားများကို နိုင်ငံတော်ဈာပန အခမ်းအနားကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဟီရိုယူကီ ဟိုဆိုဒါ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဟီဒေဟီဆာ အော့ဆုဂျိ၊ တရားရုံးချုပ် တရားသူကြီးချုပ် မစ္စတာ ဆာဘူရို တိုဂူရာနှင့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ မိတ်ဆွေများကိုယ်စား ဝန်ကြီးချုပ်ဟောင်း ယိုရှီဟီဒေး ဆူဂမှ အသီးသီး ပြောကြားခဲ့ကြပါသည်။
ဂျပန်နိုင်ငံအစိုးရမှ ကြီးမှူးကျင်းပသည့် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး၏ နိုင်ငံတော် ဈာပနအခမ်းအနားကို (၂၇-၉-၂၀၂၂) ရက်နေ့ (၁၄:၀၀) နာရီက တိုကျိုမြို့ရှိ Nippon Budokan ခန်းမကြီး၌ ပြုလုပ်ခဲ့ရာ မြန်မာအစိုးရကိုယ်စား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် ဇနီး ပါဝင်တက်ရောက်ခဲ့ ပါသည်။
(၂၇-၉-၂၀၂၂ ရက်၊ တိုကျို)
ထို့နောက် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် မိဖုရားတို့၏ ကိုယ်စားလှယ်များ၊ ဂျပန်ဧကရာဇ်ဟောင်း အာကီဟီတိုနှင့် မိဖုရားတို့၏ ကိုယ်စားလှယ်များမှ ဂါရဝပြုခဲ့ကြပြီးနောက် တော်ဝင်မိသားစုအဖွဲ့ဝင်များ၊ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း၏ မိသားစုဝင်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြပါသည်။ ဆက်လက်၍ နိုင်ငံတော်ဈာပန အခမ်းအနားကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ တရားရုံးချုပ် တရားသူကြီးချုပ်၊ ဝန်ကြီးချုပ်ဟောင်း၏ မိတ်ဆွေများ၊ ပြည်ပနိုင်ငံများမှ တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တိုကျိုမြို့ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News