HomeMyanmarပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ ကြီးကြပ် စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းအစည်းအဝေးကို ဦးဆောင်ကျင်းပ (၂၉-၉-၂၀၂၂...

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ ကြီးကြပ် စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းအစည်းအဝေးကို ဦးဆောင်ကျင်းပ (၂၉-၉-၂၀၂၂ ရက်၊ နေပြည်တော်)

အဆိုပါ အစည်းအဝေးတွင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။ အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ ကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်မှ ဦးဆောင်၍ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ် စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းအစည်းအဝေးကို ၂ဝ၂၂ ခုနှစ်၊ စက်တင် ဘာလ ၂၉ ရက်၊ မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News