HomeMyanmarတစ်ဖက်သတ်စွပ်စွဲချက်များအပေါ် အခြေခံပြီး နိုင်ငံရေးသဘောသက်ဝင်သည့် နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားချမှတ်သော ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချ(၁၈-၁၁-၂၀၂၂ရက်)

တစ်ဖက်သတ်စွပ်စွဲချက်များအပေါ် အခြေခံပြီး နိုင်ငံရေးသဘောသက်ဝင်သည့် နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားချမှတ်သော ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချ(၁၈-၁၁-၂၀၂၂ရက်)

ရခိုင်ပြည်နယ်အရေးကိစ္စကိုကြည့်လျှင် နိုင်ငံအချို့က ဓနအင်အားနှင့် မီဒီယာကို အသုံးချ၍ မြန်မာ နိုင်ငံတွင်တည်ငြိမ်မှု မရှိစေရန် ပဋိပက္ခတစ်ခုလုံးကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ လက်ရှိကျင်းပလျက် ရှိသော (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် အတည်ပြုခဲ့ သည့် ဆုံးဖြတ်ချက်အဆိုသည်မြန်မာနိုင်ငံက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပြဿနာ၏ ရှုပ်ထွေးမှုများကို လျစ်လျူရှုလျက် နိုင်ငံရေးသွတ်သွင်းသည့် အဆိုသာဖြစ်ပြီး၊ မျှတမှု၊ ဓမ္မဓိဋ္ဌာန် ကျမှုနှင့် လက်တွေ့ကျမှု မရှိပါ။ အဆိုတွင် အကြမ်းဖက်မှုနှင့်ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့် ရေး တောင်းဆိုထားသော်လည်း ကလေးသူငယ် ၁၀၀ ဦး ကျော်အပါအဝင်လက်နက်မဲ့အရပ်သား ,၀၀၀ ကျော်တို့ကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် NUG နှင့် PDF ဆိုသူတို့၏အကြမ်းဖက်လုပ်ရပ် များကို ရှုတ်ချရန် ပျက်ကွက်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အဆိုတွင် အမုန်းစကားမြောက်သည့် အချက်များနှင့် နိုင်ငံအတွင်း မတူညီသော အသိုက်အဝန်းများအကြား အယူဝါဒကွဲပြားမှုနှင့် တင်းမာ မှုများကို ပိုမိုမြင့်တက်စေနိုင်သည့် အချက်များ ပါဝင်သည်။ စိတ်ကူးယဉ်တီထွင်ဖန်တီးထားသော စွပ်စွဲချက်များ ပါဝင်သည့် ယင်းဆုံးဖြတ်ချက်အဆိုကို အတည်ပြုခြင်းဖြင့် မြန်မာနိုင်ငံအရေးကိစ္စ အတွက် လက်တွေ့ကျသော အဖြေရှာဖွေရာတွင် မည်သို့မျှ အထောက်အကူပြုနိုင်မည် မဟုတ်ပါ။
အီးယူနှင့် အိုအိုင်စီတို့က နှစ်စဉ် ကမကထပြု တင်သွင်းသည့် ရှည်လျားလှသော ဆုံးဖြတ်ချက်အဆို တွင်အခြေအမြစ်မရှိသော ထပ်တလဲလဲ စွပ်စွဲချက်များ ပါဝင်သည်။ ဆုံးဖြတ်ချက်အဆိုတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပေးအပ်သည့် လက်တွေ့မကျသော လုပ်ငန်းတာဝန်များလည်းပါဝင်သည်။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် “IIMM” ဆိုသည့် ယန္တရားအကြား ဆွေးနွေးမှုပြုလုပ်ရန်ထပ်ဆောင်း အစီအစဉ်ကို ဖန်တီးမှုသည်  မြန်မာနိုင်ငံအပေါ် တိုးမြှင့်ဖိအားပေးရန်သာ ဆောင်ရွက်ခြင်းဖြစ်သည်။၂၇၂၀၁၈ ရက်တွင် အတည်ပြုချမှတ်ခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၃၉/ ဖြင့်“IIMM” ကို စတင်ဖွဲ့စည်းတည်ထောင်စဉ်ကတည်းက မြန်မာနိုင်ငံက အသိအမှတ်မပြု ကြောင်း တရားဝင်အသိပေးကြေညာထားပြီး ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ၁၆၁၁၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင်မြန်မာနိုင်ငံရှိရိုဟင်ဂျာဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကိုမြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခြင်းမရှိဘဲ အတည်ပြု ချမှတ်ခဲ့သည်။
လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတွင် သမာသမတ်ကျရေး၊ ဓမ္မဓိဋ္ဌာန် ကျရေးနှင့်ရွေးချယ်ပစ်မှတ်မထားရေး မူဝါဒများကို ဆန့်ကျင်၍ နိုင်ငံတစ်နိုင်ငံတည်း အပေါ် ဦးတည်ဆောင်ရွက်သည့် ဖန်တီးထားသော ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များကို မြန်မာ နိုင်ငံက အစဉ်တစိုက် ကန့်ကွက်သည်။
နေပြည်တော်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။          
အဆိုပါ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုရာတွင် ပါဝင်ပတ်သက်ခြင်းမရှိသော မိတ်ဆွေနိုင်ငံ များကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။ တစ်ချိန်တည်းတွင် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဆုံးဖြတ်ချက်အဆိုပါ ထိပါး သော ဖော်ပြချက်များကို မြန်မာနိုင်ငံကလက်မခံနိုင်ပါ။ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထား ချမှတ်သည့် ဆုံးဖြတ်ချက်အဆိုများအပေါ် ဆန့်ကျင်သည့် မြန်မာနိုင်ငံ၏ ခိုင်မြဲသော ရပ်တည်ချက် အရလည်းကောင်း၊ ယခုအဆိုတွင် ပါဝင်သည့် သိမ်းကြုံးစွပ်စွဲချက်များအရလည်းကောင်း၊ လက်သင့် ခံနိုင်ဖွယ်မရှိသည့် တောင်းဆိုချက်များအရလည်းကောင်း မြန်မာနိုင်ငံက ယခုဆုံးဖြတ်ချက်အဆိုကို လုံးဝပယ်ချ၍ ပါဝင်ပတ်သက်မှု မရှိကြောင်း ဖော်ပြအပ်သည်။ ထို့အပြင် လက်ရှိတွင်“NUG” ဆို သည့် အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုလျက်ရှိသော ကျော်မိုးထွန်း၏ ပါဝင်တက်ရောက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းနှင့် အခြားလုပ်ရပ်များကိုလည်း ခြွင်းချက်မရှိ ကန့်ကွက်ပယ်ချသည်။
မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေနှင့် မြန်မာဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံအစီအစဉ်များ နှင့်အညီရခိုင်ပြည်နယ်မှ အမှန်တကယ် နေရပ်စွန့်ခွာသူများအဖြစ် အတည်ပြုနိုင်သူများကို စိစစ် လက်ခံရန် အဆင်သင့်ရှိသည်။ အခြားနိုင်ငံများနည်းတူ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှ တစ်ဆင့်  ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်ကိုက်ညီသူများကို နိုင်ငံသားအဖြစ် ခွင့်ပြုလျက်ရှိ သည်။ သို့သော် ဥပဒေအရလည်းကောင်း၊ သမိုင်းမှတ်တမ်းများအရလည်းကောင်း မည်သည့်အခါက မျှမရှိခဲ့သောရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း မြန်မာနိုင်ငံ၏ ရပ်တည် ချက်ကို ထပ်လောင်းဖော်ပြအပ်သည်။   
နိုင်ငံခြားရေးဝန်ကြီးဌာန
စင်စစ်အားဖြင့် ယခုဆုံးဖြတ်ချက်အဆိုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ပေါ်ပေါက်လာခြင်း ဖြစ် သည်။ သို့သော် ယင်းဆုံးဖြတ်ချက်အဆိုတွင် ဖြစ်စဉ်၏ မူလဇာစ်မြစ်နှင့် မြေပြင်အခြေအနေမှန်ကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားသည်။ လက်တွေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ARSA (ခေါ်) Aqua Mul Mujahidin အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများ၊သတ်ဖြတ်မှုများနှင့် ကြိုတင်ကြံစည် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းတွင် အလုံးအရင်း နေရပ်စွန့်ခွာမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းအကြမ်းဖက်အဖွဲ့အစည်း၏ အကြမ်းဖက်လုပ်ရပ် များက အဆိုပါဒေသရှိ အသိုက်အဝန်းများအား ၎င်းတို့နေရပ်မှ စွန့်ခွာထွက်ပြေးရန် ခြိမ်းခြောက်တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ ကော့ဇက်ဘဇားရှိ စခန်းများတွင် သတ်ဖြတ်မှုနှင့် အကြမ်းဖက် လှုပ်ရှားမှုပေါင်းများစွာ ဖြစ်ပွားလျက်ရှိသည်ကိုလည်း အသိအမှတ်ပြုရန် လိုအပ်သည်။ ထိုသို့သော အကြောင်းများကြောင့်အဆိုပါစခန်းများရှိ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ တွေ့ကြုံခံစားနေရ သည့် နေရပ်စွန့်ခွာသူများက နေရပ်သို့ပြန်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် တုံ့နှေးဝန်လေး နေကြခြင်း ဖြစ်သည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News