HomeMyanmarမြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဒသမအကြိမ်အစည်းအဝေး ကျင်းပခဲ့ခြင်း(၂၂-၁၁-၂၀၂၂ရက်)

မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဒသမအကြိမ်အစည်းအဝေး ကျင်းပခဲ့ခြင်း(၂၂-၁၁-၂၀၂၂ရက်)

အစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြန့်ဝေနိုင်ရေး အစီအစဉ် ဒုတိယအဆင့်ဖြစ်သော ဘဝတည်မြဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လိုအပ်ချက် ပူးတွဲလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ပြီး မြေပြင် လုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စေရေးအတွက်သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ပေါင်းစပ် ဆောင်ရွက်နိုင်ရေးအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင်နိုင်ငံတစ်ဝှမ်းရှိ အကူအညီများ လိုအပ်လျက်ရှိသည့် ပြည်သူများထံသို့ ပိုမိုကျယ်ပြန့်သည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ်ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်း အဖွဲ့၏ ဒုတိယဥက္ကဋ္ဌများဖြစ်သောကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
  မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဒသမအကြိမ်အစည်းအဝေးကို ၂၂၁၁၂၀၂၂ ရက်၊အင်္ဂါနေ့၊ ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၂၁၁၂၀၂၂ ရက်၊ နေပြည်တော်) <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News