HomeMyanmarထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (Chiang Mai University)နှင့် နွေဦးတက္ကသိုလ် (Spring University Myanmar–SUM) ဆိုသည့် အဖွဲ့တို့အကြား ပူးပေါင်းသင်ကြားရေး...

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (Chiang Mai University)နှင့် နွေဦးတက္ကသိုလ် (Spring University Myanmar–SUM) ဆိုသည့် အဖွဲ့တို့အကြား ပူးပေါင်းသင်ကြားရေး သဘောတူစာချွန်လွှာ(Memorandum of Agreement–MoA) ရေးထိုးခဲ့ကြသည်ဟူသော သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း (၂၅-၈-၂၀၂၂ရက်)

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (Chiang Mai University)နှင့်   နွေဦးတက္ကသိုလ် (Spring University Myanmar – SUM) ဆိုသည့်အဖွဲ့တို့အကြား ပူးပေါင်းသင်ကြားရေး သဘောတူ စာချွန်လွှာ(Memorandum of Agreement – MoA) ရေးထိုးခဲ့ကြသည့်သတင်းအား ၁၀-၈-၂၀၂၂ ရက်တွင် ဆိုရှယ်မီဒီယာနှင့် သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ သတင်းဖော်ပြချက်များနှင့်စပ်လျဉ်း၍ ချင်းမိုင်ကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ်မှ တက္ကသိုလ်မှ တာဝန်ရှိသူများထံ သွားရောက်တွေ့ဆုံ စုံစမ်းသိရှိရချက်အရ အဆိုပါ နွေဦးတက္ကသိုလ်ဆိုသည့် အဖွဲ့နှင့် ချင်းမိုင်တက္ကသိုလ်တို့အကြား ဆွေးနွေးခြင်းနှင့်  သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရှိရသည့်အတွက်  သတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များမှာ အဖြစ်မှန်မဟုတ်သည့်   သတင်းအမှားသာ ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News