HomeMyanmarInternational Travel Expo Hong Kong (ITE Hong Kong 2022) တွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပါဝင်ပြသ...

International Travel Expo Hong Kong (ITE Hong Kong 2022) တွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပါဝင်ပြသ (၁၈-၈-၂၀၂၂ ရက်)

(၁၈-၈-၂၀၂၂ ရက်၊ ဟောင်ကောင်)
အဆိုပါပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟောင်ကောင်ဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် တက်ရောက်ခဲ့ပြီး၊ ပြပွဲ၌ မြန်မာနိုင်ငံအပါအဝင် ဟောင်ကောင်ဒေသအခြေစိုက် ပြခန်းပြသသူများ၊ ဩစတြေးလျ၊ ဘူတန်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံမှ ဒေသ/ ပြည်နယ် (၁၀) ခု၊ မကာအို၊ မလေးရှား၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ တောင်ကိုရီးယား၊ စိန့်ပီတာစဘတ်၊ အိုက်စလန်၊ တရုတ်-တိုင်ပေ၊ ထိုင်း စသည်ဖြင့် နိုင်ငံ/ ဒေသ (၂၇) ခုကျော်မှလည်း ပြခန်းများ ပါဝင်ပြသလျက်ရှိကြောင်း သိရှိရပါသည်။
ဟောင်ကောင်ဒေသ Hong Kong Convention & Exhibition Centre တွင် ၁၈-၈-၂၀၂၂ ရက်မှ ၂၁-၈-၂၀၂၂ ရက်အထိ 36th International Travel Expo Hong Kong နှင့် 17th MICE Travel Expo ကို ကျင်းပလျက်ရှိရာ၊ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးကြပ်၍ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းတစ်ခန်း ပါဝင်ပြသလျက်ရှိပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News