HomeMyanmarFacebook လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်ထုတ်လွှင့်၍ အကူအညီတောင်းခံသည့် အမျိုးသမီး (၈) ဦးနှင့်ပတ်သက်၍ မြန်မာသံရုံး၊ ရီရတ်ဒ်မြို့၏ ဆောင်ရွက်နေမှုအား ဖော်ပြခြင်း (၂၈-၈-၂၀၂၂...

Facebook လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်ထုတ်လွှင့်၍ အကူအညီတောင်းခံသည့် အမျိုးသမီး (၈) ဦးနှင့်ပတ်သက်၍ မြန်မာသံရုံး၊ ရီရတ်ဒ်မြို့၏ ဆောင်ရွက်နေမှုအား ဖော်ပြခြင်း (၂၈-၈-၂၀၂၂ ရက်)

ယင်းသို့ စီစဉ်ဆောင်ရွက်နေစဉ်အတောအတွင်း ပွဲစားဆိုသူနှင့် အမျိုးသမီးများအား လုံခြုံမှုရှိရေး၊ မလိုလား အပ်သည့် ပြဿနာများ ထပ်မံမဖြစ်ပွားစေရေးနှင့် လိုအပ်သည်များ စစ်ဆေးမေးမြန်းမှု ပြုလုပ်နိုင်ရန် ယူအေအီး CID မှ တာဝန်ရှိသူများက ၂၇-၈-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့ နေထိုင်ရာ နေရာများမှ ဒူဘိုင်းမြို့ရှိ CID ဌာနချုပ်သို့ ခေတ္တပို့ဆောင် ထားရှိကြောင်း၊ ၎င်းတို့အား ယူအေအီးနိုင်ငံ၏ ဥပဒေနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲလုပ်ငန်းစဉ်များအတိုင်း စစ်ဆေးဆောင်ရွက်ပြီးစီးပါက ဥပဒေချိုးဖောက်မှု မရှိသူများကို ပြန်လည်လွှတ်ပေးမည် ဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာသံရုံး၊ ရီရတ်ဒ်မြို့အနေဖြင့် ကာယကံရှင် အမျိုးသမီး (၈)ဦး ရှိရာ ဒူဘိုင်းမြို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းကာ ၎င်းတို့အား ခေါ်ဆောင်လာခဲ့သော ပွဲစားဆိုသူ နှင့် ကာယကံရှင်များအကြား ညှိနှိုင်းဆောင်ရွက်မှုများကို ၂၆-၈-၂၀၂၂ ရက်နေ့တွင် ပြုလုပ် ပေးခဲ့ပါသည်။
Facebook လူမှုကွန်ရက်တွင် Khaing Lay အကောင့်အမည်ဖြင့် ဒူဘိုင်းတွင် မြန်မာအမျိုးသမီး (၈)ဦး ဒုက္ခရောက်နေ၍ ကူညီပေးရန် တောင်းဆိုသည့် ဗွီဒီယိုဖိုင်တစ်ခုကို ၂၅-၈-၂၀၂၂ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်ကို တွေ့ရှိရပါသည်။
မြန်မာသံရုံးအနေဖြင့် ယူအေအီးနိုင်ငံမှ တာဝန်ရှိသူများကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြန်လည်လွတ်မြောက်လာသူများ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေးအတွက်လည်း ဒူဘိုင်းမြို့ရှိ မြန်မာလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
(၂၈-၈-၂၀၂၂ ရက်၊ ရီရတ်ဒ်)
မြန်မာသံရုံး၏ ညှိနှိုင်းပေးမှုကြောင့် အဆိုပါအမျိုးသမီး (၈) ဦး၏ နိုင်ငံကူးလက်မှတ်များကို ကာယကံရှင်များထံသို့ ပြန်လည်ပေးအပ်၍ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ရေး ညှိနှိုင်းရရှိခဲ့ပါ သည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News