HomeMyanmarAHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ(၂၀-၉-၂၀၂၂ ရက်)

AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ(၂၀-၉-၂၀၂၂ ရက်)

(၂၀-၉-၂၀၂၂ ရက်၊ နေပြည်တော်)
အစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံမှ ကျန်းမာရေးဝန်ထမ်းနှင့် လုပ်အားပေးများ မြန်မာနိုင်ငံသို့ လာရောက်၍ ပူးတွဲကာကွယ်ဆေးထိုးနှံပေးရေးကိစ္စ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံသို့ (AHA Centre) မှတစ်ဆင့် ပိုမိုကျယ်ပြန့်သောအကူအညီများ ပေးအပ်ရေးအတွက် လိုအပ်ချက် ဆန်းစစ်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်ကိစ္စ စသည်တို့နှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်ရန်လိုအပ်သည်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးရေးနှင့် အကူအညီများကို ဖြန့်ဖြူးရာတွင် ခွဲခြားမှုမရှိဘဲ အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ ရောက်ရှိရေး ဦးတည်ဆောင်ရွက်သွားရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။
“AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင်သည့် ကြားဖြတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀-၉-၂၀၂၂ ရက်နေ့၊ ၁၀:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၁) ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် လုပ်ငန်းအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News