HomeMyanmar(၇) ကြိမ်မြောက် Assam International Agri-Horti Show 2022 ဖွင့်ပွဲ အခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်(၁၉-၁၂-၂၀၂၂...

(၇) ကြိမ်မြောက် Assam International Agri-Horti Show 2022 ဖွင့်ပွဲ အခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်(၁၉-၁၂-၂၀၂၂ ရက်)

၁၇-၁၂-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် အဆိုပါပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် အာသံ ပြည်နယ် ဝန်ကြီးချုပ်မှ တက်ရောက်မိန့်ခွန်းပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံရေး ပြည်ထောင်စုဝန်ကြီး၊ အာသံပြည်နယ်စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန် နှင့် မွေးမြူရေးဖွံ့ဖြိုးမှုဝန်ကြီး အပါအဝင် အိန္ဒိယအစိုးရတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံများမှ သံအမတ်ကြီးနှင့် သံတမန်များ၊ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် ဂေဟ စနစ်တွင် အဓိက ပါဝင်ပတ်သက်သူများမှ တက်ရောက်ခဲ့ကြပါသည်။ အာသံပြည်နယ် စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန်ဌာနမှ တာဝန်ယူကျင်းပသည့် ၎င်းပြပွဲသည် ပြည်နယ စိုက်ပျိုးရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ပြပွဲအတွင်း ထုတ်လုပ်မှုမှသည် ဈေးကွက်တင်သည်အထိ စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် value chain အဆင့်တိုင်းအတွက် အသိပညာဖလှယ်မှုနှင့် ကမ္ဘာ့နည်းနာများကို မိတ်ဆက် ရှင်းလင်းမှုများ၊ ကမ္ဘာအနှံ့မှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ရည်ရွယ်သည့် ပြခန်းပေါင်း ၃၀၀ ကျော်ဖြင့် ဒေသထွက်သီးနှံများ၊ စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း မိတ်ဆက်ပြသမှုများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက် မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
(၁၉-၁၂-၂၀၂၂ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်နှင့် မွေးမြူရေးဖွံ့ဖြိုးမှုဝန်ကြီး H. E. Mr. Atul Bora ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ဂူဝါဟတီမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇-၁၉ ရက်များတွင် ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် Assam International Agri-Horti Show 2022 ဖွင့်ပွဲအခမ်းအနားသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။ <! —
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News