HomeMyanmarအာဆီယံအတွင်းရေးမှူးချုပ်၊ အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယလက်ထောက်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးမှုအစီအစဉ်သို့ မြန်မာသံရုံး ယာယီတာဝန်ခံ ပါဝင်တက်ရောက်(၂၆-၉-၂၀၂၂ ရက်)

အာဆီယံအတွင်းရေးမှူးချုပ်၊ အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယလက်ထောက်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးမှုအစီအစဉ်သို့ မြန်မာသံရုံး ယာယီတာဝန်ခံ ပါဝင်တက်ရောက်(၂၆-၉-၂၀၂၂ ရက်)

အလုပ်သဘောနေ့လယ်စာစားပွဲတွင် ဧည့်သည်တော်များနှင့် အဖွဲ့ဝင် အာဆီယံ သံရုံးအကြီးအကဲများသည် အာဆီယံ-အမေရိကန်ဆက်ဆံရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အာဆီယံ၏ ဗဟိုအချက်အချာ ကျမှုကို အထူးအလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) သည် အာဆီယံ အတွင်းရေးမှူးချုပ် ဒါတိုလင်မ် ဂျော့ဟွိုင်း (H.E. Dato Lim Jock Hoi) ၊ အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယလက်ထောက်နှင့် အင်ဒို-ပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး ဒေါက်တာ ကာ့တ် ကင်းဘယ်လ် (Dr. Kurt Campbell ၊ Deputy Assistant to the President and Coordinator for the Indo-Pacific Affairs ၊ National Security Council) နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ ဒယ်နီရယ်ဂျေ၊ ခရစ်တင်ဘရင့် (Mr. Daniel J. Kritenbrink ၊ Assistant Secretary of State for East Asian and Pacific Affairs) တို့အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည့် အစီအစဉ်ကို ၂၆-၉-၂၀၂၂ ရက်နေ့တွင် ACW အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ် သံအမတ်ကြီးက ဦးဆောင် ကျင်းပခဲ့ရာ ဝါရှင်တန်အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ပါဝင်တက်ရောက်ခဲ့သည်။
(၂၆-၉-၂၀၂၂ ရက်၊ ဝါရှင်တန်) <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News