HomeMyanmarအသိပေးကြေညာချက် (၆-၇-၂၀၂၂ ရက်)

အသိပေးကြေညာချက် (၆-၇-၂၀၂၂ ရက်)

၁။        ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက်ထားရမည် ဖြစ်ကြောင်း ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါဖော်ပြချက်များမှာ သတင်းမှားများသာဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
(၆-၇-၂၀၂၂ ရက်၊ နေပြည်တော်)
၃။        မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစား (၇)မျိုး ဖြစ်သည့် PB (Business Passport)၊ PT (Dependent Passport)၊ PJ (Job Passport)၊ PR (Religious Passport)၊ PS (Seaman Passport)၊ PE (Student Passport) နှင့် PV (Visit Passport) များအားလုံးကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ သက်တမ်းတိုးပေးခြင်း၊ အသစ်ထုတ်ပေးခြင်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
၂။         မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင်/ နေထိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ထုတ်ပေးခြင်းလုပ်ငန်းများအပါအဝင် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို သံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများ၌ “ပုံမှန်အတိုင်း” လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News