HomeMyanmarသံတမန်ရေးရာသင်တန်း အမှတ်စဉ် (၇/၂၀၂၂) ၏ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ (၁၅-၈-၂၀၂၂ ရက်)

သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၇/၂၀၂၂) ၏ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ (၁၅-၈-၂၀၂၂ ရက်)

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူ (၃၄) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
(၁၅-၈-၂၀၂၂ ရက်၊ နေပြည်တော်)
သင်တန်းတွင် သံတမန်အရာထမ်းငယ်များ၏ အရည်အသွေးမြှင့်တင်ရန်နှင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတ ကြွယ်ဝစေရန်အတွက် နိုင်ငံခြားရေးမူဝါဒ၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ သံတမန်ရေးရာများ၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာများ၊ နိုင်ငံသားအကျိုးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များနှင့် လက်တွေ့အသုံးချ အင်္ဂလိပ်စာ ကျွမ်းကျင်ရေးဘာသာရပ်များတို့ကို စာတွေ့လက်တွေ့ ရက်သတ္တ(၁၂)ပတ်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သော အရာထမ်းငယ်များအတွက် ဖွင့်လှစ်သည့် သံတမန်ရေးရာသင်တန်း (Course in Diplomacy–CID) အမှတ်စဉ် (၇/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်(တနင်္လာနေ့) မွန်းလွဲ ၁၃:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News