HomeMyanmarသတင်းထုတ်ပြန်ချက် (၁၁-၁၁-၂၀၂၂ရက်)

သတင်းထုတ်ပြန်ချက် (၁၁-၁၁-၂၀၂၂ရက်)

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ တောင်းဆိုမှုအရ အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်()ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ အကြား အဆင့်တူ တန်းတူကိုယ်စားပြုရေးမူနှင့် သွေဖည်၍ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ (၄၀)ကြိမ်နှင့် (၄၁)ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်း အဝေးများနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ မြန်မာ နိုင်ငံသည် အာဆီယံ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစား လိုက်နာလျက်ရှိပြီး၊ တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် အာဆီယံ၏ အရေးကိစ္စရပ်များကို တက်ကြွစွာပူးပေါင်း ပါဝင် ဆောင် ရွက်လျက်ရှိသဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံအား တန်းတူရည်တူ မဆက်ဆံခြင်းနှင့် ခွဲခြားဆက်ဆံသည့်လုပ်ရပ်အပေါ် လက်ခံနိုင်ခြင်းမရှိသဖြင့် ဖော်ပြပါ အစည်း အဝေးများသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်ခြင်း မပြုခဲ့ပါ။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက် ရှိသည့် မြန်မာအစိုးရနှင့်တပ်မတော်အား ရည်ညွှန်း​​ဖော်ပြရာတွင် မသင့်လျော်သည့် သုံးနှုန်းဖော်ပြချက်များကို ပြင်းထန်စွာ ကန့်ကွက်သည်။
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁   ရက်
မြန်မာနိုင်ငံသည် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တူညီဆန္ဒ()ချက် အကောင် အထည်ဖော်ခြင်းကို လက်ရှိအာဆီယံအလှည့်ကျ
အာဆီယံအစည်းအဝေးများတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းနည်းလမ်းကိုလည်း အာဆီယံ ပဋိညာဉ်စာတမ်း စာပိုဒ်(၂၀)ပါဆွေးနွေးခြင်းနှင့် တူညီဆန္ဒပါ အခြေခံမူများအတိုင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံလုံးပါဝင်သည့်ဆွေးနွေးညှိနှိုင်းခြင်းနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ခြင်းမူကိုသာလျင် လက်ခံသည်။ သို့ဖြစ်၍ ကာယကံရှင်နိုင်ငံပါဝင်ခြင်းမရှိသည့်ဆွေးနွေးဆုံးဖြတ် ချက်များကို လက်မခံ ပယ်ချသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
ယင်းကဲ့သို့ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် အဖျက်အမှောင့်လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်၍ ဖျက်ဆီးလျက်ရှိသည့် NUG နှင့် PDF အမည်ခံ အဖွဲ့အစည်း များနှင့် ဆက်သွယ်ဆောင်ရွက်ရန်ရည်ညွှန်းပြောကြားချက်များကို စိတ်ပျက်စွာ တွေ့ရှိရပါသည်။ ထိုကဲ့သို့ တရားမဝင်၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းသည် အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံရာရောက်သည့်အပြင် အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ် ပါ အခြေခံမူများကိုလည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းများကိုလည်းကောင်း ဖောက်ဖျက်ရာရောက်ပါသည်။ သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့အစည်းများနှင့် မည်သည့် ပုံစံ၊ မည်သည့်နည်းလမ်းနှင့်မဆို ဆက်သွယ် ဆောင်ရွက်ရန် ကြိုးပမ်းခြင်းကိုမြန်မာနိုင်ငံက ပြင်းထန်စွာ ရှုံ့ချကန့်ကွက်သည်။
တူညီဆန္ဒ()ချက် အကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ၊ အချိန် ကန့်သတ်ချက် ဖြင့် ဖိအားပေး၊ အကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့်အပြင်၊ လက်ရှိပူးပေါင်းဆောင်ရွက်မှုများအပေါ်ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည်သွားစေနိုင်သည်။
ယင်း တူညီဆန္ဒ()ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖော်ပြချက်များသည် ဖြစ်စဉ်အမှန်တရားနှင့်ကင်းကွာလျက်ရှိခြင်း၊ အာဆီယံ၏ တူညီဆန္ဒ()ချက်အပေါ် မြန်မာနိုင်ငံမှ ကြိုးစားအားထုတ်ဆောင်ရွက်ပေးခဲ့မှုများကိုအပြုသဘောဆောင် ဖော်ပြမှုမရှိခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်းနှင့် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ချန်လှပ်ထားပြီး အာဆီယံ()နိုင်ငံဖြင့်သာဆွေးနွေး သဘောတူညီခဲ့ခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ခဲ့ခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံအနေနှင့် တူညီဆန္ဒ()ချက် အကောင်အထည် ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို လက်ခံမည်မဟုတ်ကြောင်းနှင့် ပြတ်သားစွာပယ်ချသည်။
အာဆီယံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို လေးစားလိုက်နာလျက်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် ထပ်လောင်းအသိပေးအပ်သည်၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် အာဆီယံ စည်းလုံးညီညွတ်မှုနှင့် ဗဟိုအချက်အချာကျပြီးအရေးပါအရာရောက်မှုအပေါ် ဆိုးကျိုး သက် ရောက်မှုများသာ ဖြစ်စေမည်ဖြစ်‌ကြောင်း သတိ ပေးဖော်ပြအပ်ပါသည်။
နေပြည်တော်
မြန်မာနိုင်ငံက တူညီဆန္ဒ()ချက် အကောင်အထည်ဖော်နေမှုသည် တိုးတက်မှုမရှိဟု အကြောင်းပြလျက် အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံပါဝင်မှုကို ပိုမိုကန့်သတ် ပိတ်ပင်ရန် ကြိုးစားခြင်းသည် အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ခြင်းကို အတား အဆီးဖြစ်စေသည့်အပြင် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊အရေးပါအရာရောက်မှု၊ မိသားစု စိတ်ဓါတ်ကို ပျက်ပြားစေမည်ဖြစ်သည်။ မြန်မာနိုင်ငံက အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှ စတင်၍ အာဆီယံအသိုက်အဝန်းအကောင်အထည်ဖော်မှုတွင် မြန်မာနိုင်ငံက တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့မှုများကို လစ်လျူရှုမျက်ကွယ်ပြုခြင်းကို ဝမ်းနည်းစွာတွေ့ရပြီး ယင်းလုပ်ရပ် များသည်မြန်မာ အစိုးရ၏ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နေမှုကို အဟန့်အတားဖြစ်စေပါမည်။
(၄၀)ကြိမ်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများအပြီး ထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ()ချက်အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကိုမြန်မာနိုင်ငံက ကန့်ကွက်
(၄၀)ကြိမ်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင် ပင်မြို့တွင်၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းနှင့် အဆိုပါ အစည်းအဝေးများအပြီး တူညီဆန္ဒ()ချက် အကောင်အထည် ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့်ဆုံးဖြတ်ချက်အား ထုတ် ပြန်ခဲ့ခြင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတွေ့ရှိရပါသည်။
ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတွင်း ထာဝရငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်လျက် မြန်မာအစိုးရသည် အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ကြေညာလျက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကို ဖိတ်ခေါ်ပြီး၊ နိုင်ငံ့အကြီးအကဲကိုယ်တိုင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ကို လိုအပ်သည့်နေရာများသို့ ခွဲခြားမှုမရှိဘဲ မျှတစွာပေးအပ်ရေးအတွက် အာဆီယံလူသားချင်း စာနာထောက်ထားမှုကူညီရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိခြင်း စသည့် သိသာထင်ရှားသည့် တိုးတက်မှုများစွာရှိသည်ကို လျစ်လျူရှုထားခြင်းအပေါ် များစွာ စိတ်ပျက်မိပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News