HomeMyanmarသတင်းထုတ်ပြန်ချက်(၁၃-၁၂-၂၀၂၂ ရက်)

သတင်းထုတ်ပြန်ချက်(၁၃-၁၂-၂၀၂၂ ရက်)

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးအပေါ် သဘောထားနှင့် လာမည့် နှစ်များအတွင်း နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးတို့အပေါ် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြ သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားအစိုးရ၏ မြန်မာနိုင်ငံအပေါ် အပြု သဘောဆောင်သည့်ကဏ္ဍမှပါဝင်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
(၁၃-၁၂-၂၀၂၂ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ ချုခ်ဘွန်နာ အား ၁၃-၁၂-၂၀၂၂ ရက် (အင်္ဂါနေ့)၊ (၁၁၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ <! —
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News