HomeMyanmarဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်(၂၃-၉-၂၀၂၂ရက်)

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်(၂၃-၉-၂၀၂၂ရက်)

ထို့ပြင် တပ်မတော်သားတိုင်းအနေဖြင့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း (RoE) ကို ကောင်းစွာ သိမြင်နားလည်ပြီး၊ မြန်မာ့တပ်မတော်သည် RoE တွင် တင်းကြပ်စွာ တားမြစ်ထားသည့် လက်နက်မဲ့ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို မည်သည့်အခါမှ ကျူးလွန်ခြင်းမရှိပါ။ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်နှင့်အညီ ကလေးသူငယ်များအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွင်ပါရှိသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကလေးသူငယ်များ လုံခြုံရေးကို အစဉ်အလေးထားလျက် ရှိသည်။
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
အဆိုပါ ဖြစ်စဉ်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် PDF အကြမ်းဖက်သမားများအကြား အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ အကြမ်းဖက်သမားများအနေဖြင့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များတွင် ခိုအောင်းနေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ကာ အဆိုပါ နေရာများအား ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများအတွက် စခန်းများအဖြစ် အသုံးပြုလေ့ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအနီး သွားရောက် ကင်းလှည့်စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် PDF အကြမ်းဖက်သမားများက စာသင်ကျောင်းမှ စတင်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်။
အကြမ်းဖက်သမားများအနေဖြင့် ပြည်သူများနှင့် နေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအား အကာအကွယ် ရယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်။ အဆိုပါအကြမ်းဖက်လုပ်ရပ်များ ကျူးလွန်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူရေး ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KIA လက်နက်ကိုင် အဖွဲ့များနှင့် PDF                                    အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုဖြစ်ပွားစဉ် အပြစ်မဲ့ပြည်သူများအား လူသားတံတိုင်းသဖွယ် အကာအကွယ်ယူ၍ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းအတွင်းတို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News