HomeMyanmarတောင်တရုတ်ပင်လယ်တွင်း နိုင်ငံများလိုက်နာရမည့် ကျင့်ထုံးဆိုင်ရာကြေညာချက် ထုတ်ပြန်ခဲ့ခြင်း နှစ် (၂၀) ပြည့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်...

တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများလိုက်နာရမည့် ကျင့်ထုံးဆိုင်ရာကြေညာချက် ထုတ်ပြန်ခဲ့ခြင်း နှစ် (၂၀) ပြည့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက် မိန့်ခွန်းပြောကြား(၂၀-၁၂-၂၀၂၂ ရက်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများ လိုက်နာရမည့်ကျင့်ထုံးဆိုင်ရာ ကြေညာချက် (DOC) ထုတ်ပြန်ခဲ့ခြင်းနှစ်(၂၀)ပြည့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲသို့ video conference မှတစ်ဆင့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
သံအမတ်ကြီး ဦးသစ်လင်းအုန်းက ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်း မြှင့်တင်ရာတွင် DOC ၏အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးနှင့် DOC အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် DOC အား ပြည့်ဝစွာအကောင်အထည်ဖော်ရေးနှင့် တူညီဆန္ဒအပေါ်အခြေ ခံ၍ တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့်ကျင့်ထုံး (COC) အား အပြီးသတ်ရေးဆွဲ နိုင်ရေး အပြုသဘောထိတွေ့မှုများနှင့် တိုးတက်မှုအရှိန်ကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ အဆင့်မြင့် အစိုးရကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ကိုယ်စားလှယ် (၁)ဦး တို့လည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ <! —
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News