HomeMyanmarချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ (၅၅) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက် (၉-၈-၂၀၂၂ ရက်)

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ (၅၅) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက် (၉-၈-၂၀၂၂ ရက်)

ပရာ့ဂ်မြို့တွင် ရုံးစိုက်သော အာဆီယံနိုင်ငံသံရုံးများ (မြန်မာ၊ အင်ဒို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်)မှ ယဉ်ကျေးမှုအကပဒေသာများ၊ ဒေသအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။
(၉-၈-၂၀၂၂ ရက်နေ့၊ ပရာ့ဂ်မြို့)
(၅၅) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၉-၈-၂၀၂၂ ရက်နေ့၊ ၁၇:၃၀ နာရီအချိန်တွင် ပရာ့ဂ်မြို့ အာဆီယံကော်မတီ (ACP) အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ထားသည့် အင်ဒိုနီးရှားသံအမတ်ကြီးနေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင် တက်‌ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ချက်နိုင်ငံခြား‌ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Martin Dvorak က ဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Martin Tlapa ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Petr Tresnak ၊ ချက်နိုင်ငံခြားရေးဝန်ကြီး၏ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် Libor Secka ၊ ပရာ့ဂ်မြို့တွင် ရုံးစိုက်သော အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News