HomeMyanmarကျူးဘားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ (၅၅)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် (၈-၈-၂၀၂၂ ရက်)

ကျူးဘားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ (၅၅)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် (၈-၈-၂၀၂၂ ရက်)

အဆိုပါ အခမ်းအနားသို့ အထူးဖိတ်ကြားထားသည့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Angel Villa Hernandez ၊ အာရှနှင့် အိုးရှန်းနီးယားရေးရာဌာန ညွှန်ကြားရေးမှူး H.E. Mr. Alberto Blanco Silver နှင့် တာဝန်ရှိသူများ၊ Cuban Institute of Friendship with the Peoples (ICAP) ၏ အာရှနှင့် အိုးရှန်းနီးယားရေးရာဌာန ညွှန်ကြားရေးမှူး Ms. Leima Martinez ၊ ကျူးဘားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ma Hui ၊ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Hirata Kenji ၊ တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီး H.E. Mr. Eusebio Corsino de Araujo တို့နှင့် အာဆီယံနိုင်ငံများမှ သံရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ကျူးဘားနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ် သံရုံး (၆)ရုံးဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အာဆီယံ-ဟာဗားနား ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံမှ ကြီးမှူး၍ (၅၅) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ကျူးဘားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး၏နေအိမ်၌ ၈-၈-၂၀၂၂ ရက် (တနင်္လာနေ့) ၊ နံနက် (၀၈၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံနိုင်ငံများမှ သံရုံးအကြီးအကဲများနှင့်အတူ ကျူးဘားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးဇော်နိုင်ဝင်းနှင့် ဇနီး တက်ရောက်ခဲ့ပါသည်။
(၈-၈-၂၀၂၂ ရက်၊ ဟာဗားနား) <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News