HomeMyanmarအာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း (၅၅) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြား(၂-၉-၂၀၂၂...

အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း (၅၅) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြား(၂-၉-၂၀၂၂ ရက်)

အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားသို့ UNOV/ UNODC၊ IAEA၊ UNIDO နှင့် CTBTO တို့မှ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၊ ဩစတြီးယားနိုင်ငံ၊ ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်များအပါအဝင် ဧည့်သည်တော် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အာဆီယံ-ဗီယင်နာကော်မတီကို အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးများနှင့် စင်ကာပူနိုင်ငံ အမြဲတမ်း  ကိုယ်စားလှယ်အဖွဲ့ရုံးတို့ဖြင့် ဖွဲ့စည်းထားပြီး၊ မြန်မာသံရုံး/ အဖွဲ့ရုံးအနေဖြင့် အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆) လ တာဝန်ယူထားပါသည်။ အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ၂-၉-၂၀၂၂ ရက်တွင် ဗီယင်နာမြို့ရှိ Vienna International Centre ၌ ကျင်းပခဲ့သည့် (၅၅) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် United Nations Office in Vienna (UNOV) ၏ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား Mr. Jean-Luc Lemahieu ၊ Director of the Division for Policy Analysis and Public Affairs က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဗီယင်နာအခြေစိုက် အာဆီယံအဖွဲ့ရုံးများက အာဆီယံနိုင်ငံအလိုက် အမျိုးသားဝတ်စုံပြပွဲဖြင့် တင်ဆက်ခဲ့ပြီးနောက်၊ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြပါသည်။ (၂-၉-၂၀၂၂ ရက်၊ ဗီယင်နာ) <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News