HomeMyanmarသတင်းထုတ်ပြန်ချက်(၂၆-၇-၂၀၂၂ ရက်)

သတင်းထုတ်ပြန်ချက်(၂၆-၇-၂၀၂၂ ရက်)

နိုင်ငံခြားရေးဝန်ကြီးဌာန
နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများသည် နိုင်ငံအချင်းချင်းဆက်ဆံရာတွင် တစ်နိုင်ငံ ၏ အချုပ်အခြာအာဏာကို တစ်နိုင်ငံက လေးစားရေး၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြား တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုရေး၊ နိုင်ငံအချင်းချင်း တန်းတူညီမျှရှိမှုကို လေးစား လိုက်နာရေး အခြေခံမူများကို လိုက်နာကျင့်သုံးသွားရမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြ အပ်သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်
မြန်မာနိုင်ငံသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ပြည်သူ များ၏ လုံခြုံရေးအတွက် ၎င်းတို့ (၄) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်
ပြည်ပနိုင်ငံအချို့၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့က ထုတ်ပြန်ခဲ့သည် ထုတ်ပြန်ချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာကန့်ကွက်ပယ်ချ
နိုင်ငံတော်အတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်ပြီး လူမဆန်သည့် သတ်ဖြတ် ကျူးလွန်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားစီမံဆောင်ရွက် ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် တရားခံ (၄) ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများအရ ပြစ်မှု ထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြည်ပနိုင်ငံအချို့၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းအချို့က ဝေဖန်ပြစ်တင်သည့် ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။
ယခုကိစ္စတွင်လည်း မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာ (၃) ရပ်ကို တာဝန်ယူထားသည့် အစိုးရအနေဖြင့် တရားစီရင်ရေးအာဏာကို ဥပဒေနှင့် အညီ ကျင့်သုံး၍ အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်မှုများကို ထိရောက်စွာ တားဆီး ကာကွယ်ရန် ပြစ်ဒဏ်ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်အပေါ် ဝေဖန်ပြစ်တင်မှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ရာ ရောက်ပြီး အကြမ်းဖက်လုပ်ရပ်များကို သွယ်ဝိုက်ပြီး အားပေးရာရောက်စေသည်ကို သတိပြုရန် ဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့ကြသည့် အပြစ်မဲ့ ပြည်သူ များနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအခြေခံအဆောက်အဉီများ ပျက်စီးဆုံးရှုံးခဲ့ရခြင်း များကို လျစ်လျူရှုပြီး ယခုကဲ့သို့ တစ်ဖက်သတ်ထုတ်ပြန်ခဲ့သည့် ကြေညာချက်များကို ကန့်ကွက်ပယ်ချလိုက်ကြောင်း ဖော်ပြအပ်သည်။
နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေးပြဋ္ဌာန်းချက်များနှင့် သဘောတူညီချက်များ တွင်လည်း မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို မည်သည့်အခြေအနေ၊ မည်သည့် အနေ အထား၊ မည်သည့်အကြောင်းပြချက်နှင့်မျှ ကျူးလွန်ခြင်းကို လက်ခံခြင်းမပြုကြောင်းနှင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူရန် ပြဋ္ဌာန်းဖော်ပြထားသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News