HomeMyanmarတောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၅၅)ကြိမ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်(၁၂-၉-၂၀၂၂ ရက်)

တောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၅၅)ကြိမ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်(၁၂-၉-၂၀၂၂ ရက်)

အဆိုပါ အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားသို့ အထူးဧည့်သည်တော်ဖြစ်သည့် တောင်အာဖရိကနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Hon. Dr. Naledi Pandor နှင့် အာဆီယံ-ပရီတိုးရီးယားကော်မတီ (ASEAN- Pretoria Committee – APC)၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ စင်္ကာပူနိုင်ငံသံအမတ်ကြီး H.E. Mr. Zinal Arif Mantaha တို့မှ ဂုဏ်ပြုမိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တောင်အာဖရိကနိုင်ငံ အထက်လွှတ်တော်/ ပြည်နယ်များဆိုင်ရာ အမျိုးသားကောင်စီ ဥက္ကဋ္ဌ H.E. Amos Masondo၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Ms. Candith Mashego-Dlamini နှင့် အခြားအဆင့်မြင့်အရာရှိကြီးများ၊ ကုန်သွယ်မှု၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံဆိုင်ရာ မိတ်ဖက်နိုင်ငံများမှ သံအမတ်ကြီးများနှင့် အာဆီယံ-ပရီတိုးရီးယား ကော်မတီဝင် သံအမတ်ကြီးများနှင့် တာဝန်ခံအရာရှိများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သတင်းမီဒီယာအဖွဲ့ဝင်များ ပါဝင်တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။
(၁၂-၉-၂၀၂၂ ရက်၊ ပရီတိုးရီးယား)
(၅၅)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားကို ၁၂-၉-၂၀၂၂ ရက်နေ့တွင် ပရီတိုးရီးယားမြို့၊ Sheraton Pretoria Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ တောင်အာဖရိက နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေ တက်ရောက်ခဲ့ပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News