HomeMyanmarဌာနခွဲစာရေးများအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာ ကျွမ်းကျွင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ (၈-၇-၂၀၂၂ ရက်)

ဌာနခွဲစာရေးများအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာ ကျွမ်းကျွင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ (၈-၇-၂၀၂၂ ရက်)

အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၁၆-၅-၂၀၂၂ ရက်နေ့မှ ၂၄-၆-၂၀၂၂ ရက်နေ့အထိလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တွင် ၂၇-၆-၂၀၂၂ ရက် နေ့မှ ၈-၇-၂၀၂၂ ရက်နေ့အထိလည်းကောင်း စုစုပေါင်း ရက်သတ္တပတ်(၈)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး၊ ဌာနခွဲစာရေးများအား သံရုံးများသို့ ပထမဆုံးအကြိမ် သွားရောက်တာဝန်ထမ်းဆောင်သည့်အခါ သိရှိရန် လိုအပ်သည့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ နိုင်ငံခြားရေးရာကိစ္စရပ်များနှင့် သံတမန်ရေးရာကိစ္စရပ်များအပြင် အထွေထွေဗဟုသုတရပ်များကို သိရှိနားလည်နိုင်စေရန်နှင့် အင်္ဂလိပ်စာ အရည်အသွေး ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ပထမအကြိမ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနခွဲစာရေးများအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားအား နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ၈-၇-၂၀၂၂ ရက်နေ့ နေ့လည် (၁၅:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်မျိုးထွဋ်မှ တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာကြီး/ ဆရာမကြီးများ နှင့် သင်တန်းသား/ သင်တန်းသူ(၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။
(၈-၇-၂၀၂၂ ရက်၊ ရန်ကုန်) <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News