HomeMyanmarမြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် သေနင်္ဂမဟာဗျူဟာလေ့လာ ရေးအဖွဲ့တို့ ပူးပေါင်းလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်များနှင့် စာတမ်းဖတ်ပွဲတစ်ရပ်ကျင်းပ(၂၅-၁၁-၂၀၂၂ရက်)

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် သေနင်္ဂမဟာဗျူဟာလေ့လာ ရေးအဖွဲ့တို့ ပူးပေါင်းလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်များနှင့် စာတမ်းဖတ်ပွဲတစ်ရပ်ကျင်းပ(၂၅-၁၁-၂၀၂၂ရက်)

စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသား များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့က ရုရှားအဆင့်မြင့်ပညာရေးကိုယ်စားလှယ်အဖွဲ့နှင့် ဧည့်သည်တော်များအား မြန်မာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံ၍ ညစာသုံးဆောင်နေစဉ် အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်မှ အနုပညာရှင်များက မြန်မာ့ရိုးရာစောင်း၊ ရုပ်သေးအကနှင့် ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။
စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့် အကြံပေးအဖွဲ့ဝင်များ၊အမှုဆောင်အဖွဲ့ဝင်များ၊ သုတေသီနှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်တို့က“Enhancing Myanmar-Russia Public Diplomacy: Challenges and Opportunities” “The Way Forward for Collaboration between Myanmar and Russia in the Higher Education Sector” “Changes on Public Services in Myanmar” “Myanmar-Russia Higher Education Cooperation” “The Roles of Think Tanks in Myanmar-Russia Relations” စသည့်ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ကြားခဲ့ကြပါ သည်။ ရုရှားအဆင့်မြင့်ပညာရေးကိုယ်စားလှယ်များက “Myanmar Studies in Russia: Education and Research” “The Current Balance of Power on World Stage” စသည့် ခေါင်းစဉ်များအား ဖတ်ကြား၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Moscow State Institute of International Relations People’s Friendship University of Russia The Pushkin State Russian Language Institute စသည့်တက္ကသိုလ်များမှ တာဝန်ရှိသူများက ပညာသင်ကြားရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများအကြား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
(၂၅-၁၁-၂၀၂၂၊ရန်ကုန်)
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် သေနင်္ဂမဟာဗျူဟာလေ့လာ ရေးအဖွဲ့တို့ ပူးပေါင်းလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်များနှင့် စာတမ်းဖတ်ပွဲတစ်ရပ်ကို ၂၅၁၁၂၀၂၂ ရက်၊ (၁၄၃၀) နာရီမှ (၁၇၂၀) နာရီအထိ ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News