HomeMyanmarEXIM Bazaar- 2022 တွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပါဝင်ပြသ(၃-၉-၂၀၂၂ ရက်)

EXIM Bazaar- 2022 တွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ပါဝင်ပြသ(၃-၉-၂၀၂၂ ရက်)

(၃-၉-၂၀၂၂ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံ၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် Export-Import Bank of India ၏ စီစဉ်မှုဖြင့် ၃-၉-၂၀၂၂ ရက်မှ ၆-၉-၂၀၂၂ ရက်အတွင်း နယူးဒေလီမြို့ National Craft Museum တွင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ နှင့် သီရိလင်္ကာနိုင်ငံ အပါအဝင် အိန္ဒိယနိုင်ငံ ပြည်နယ်များနှင့် ဒေသအသီးသီးမှ လက်မှုအနုပညာပစ္စည်းများ၊ အထည်အလိပ်များ ပြသရောင်းချပွဲ EXIM Bazaar- 2022 ကို ကျင်းပလျက်ရှိရာ၊ နယူးဒေလီမြို့၊ မြန်မာသံရုံးမှ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းတစ်ခန်း ပါဝင်ပြသလျက်ရှိပါသည်။
အဆိုပါပြပွဲ၊ စျေးရောင်းပွဲကို အိန္ဒိယအထက်လွှတ်တော်အမတ် (Member of Rajya Sabha) Padma Vibhushan Dr. Sonal Mansingh မှ ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယအစိုးရ တာဝန်ရှိသူများ၊ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ နှင့် သီရိလင်္ကာနိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News