HomeMyanmar23rd China International Travel Mart (CITM) ကျင်းပခဲ့ခြင်း (၂၂-၇-၂၀၂၂ ရက်)

23rd China International Travel Mart (CITM) ကျင်းပခဲ့ခြင်း (၂၂-၇-၂၀၂၂ ရက်)

အဆိုပါပြပွဲ၌ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့်လည်း မြန်မာနိုင်ငံ ကိုယ်စားပြု၍ ခရီးသွားတိုးမြှင့်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီဒီယိုများ ပြသခြင်း၊ မီဒီယာများဖြင့် ကြော်ငြာခြင်းများ ဆောင်ရွက်လျက်ရှိသလို မြန်မာ့လက်မှုပညာများ ပြသခြင်း၊ မြန်မာနိုင်ငံ၏ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ကျောက်စိမ်း၊ လက်ဝတ်ရတနာ၊ ယွန်းထည်ပစ္စည်းများ၊ ကျောက်စီပန်းချီကားများ၊ ပုသိမ်ထီးများ၊ အေးသာယာဝိုင်၊ လက်ဖက်ခြောက်၊ Royal Tea Mix များကိုလည်း ခင်းကျင်းပြသခဲ့ပါသည်။
(၂၂-၇-၂၀၂၂ ရက်၊ ကူမင်းမြို့)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လေကြောင်းဦးစီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ကြီးမှူး၍ ၂၂-၇-၂၀၂၂ ရက်မှ ၂၄-၇-၂၀၂၂ ရက်အထိ 23rd China International Travel Mart (CITM) အား ကူမင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ ပြည်နယ်များ၊ မြူနီစီပယ်မြို့များ၊ ကူမင်းအခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများ အပါအဝင် သက်ဆိုင်ရာဌာနနှင့် လုပ်ငန်းကုမ္ပဏီများ ပါဝင်ပြသခဲ့ကြပါသည်။
အဆိုပါပြပွဲတွင် နိုင်ငံပေါင်း (၇၁)နိုင်ငံ၊ တရုတ်နိုင်ငံ၏ ပြည်နယ်များနှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီများက ပြခန်းများ ပါဝင်ပြသခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါပြပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး H.E. Mr. Wang Ning ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo ၊ တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Zhang Xu နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံခြားသံရုံး သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News