HomeMyanmarအီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၆၀) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက် (၂၆-၇-၂၀၂၂ ရက်)

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၆၀) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက် (၂၆-၇-၂၀၂၂ ရက်)

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံသံရုံးအကြီးအကဲများက (၂၆၁)ကြိမ်မြောက် အာဆီယံ-ကိုင်ရို အစည်းအဝေးနှင့် ကိုင်ရိုပြင်ပအစည်းအဝေးတို့ကို ၂၀၂၂ ခုနှစ်အတွင်း သင့်တော်မည့်အချိန်၌ ကျင်းပနိုင်ရေး၊ (၈-၈-၂၀၂၂)ရက်နေ့တွင် ကျရောက်မည့် ASEAN Day မတိုင်မီ အီဂျစ်ပြည်သူများအနေဖြင့် အာဆီယံနှင့်ပတ်သက်၍ ပိုမိုသိရှိလာစေရေးအတွက် အာဆီယံနှင့်ပတ်သက်သော သတင်းဆောင်းပါးတစ်ခုကို အာရပ်ဘာသာစကားဖြင့် အီဂျစ်သတင်းစာတွင် ထည့်သွင်းဖော်ပြသွားနိုင်ရေး၊ အာဆီယံ လှုပ်ရှားမှုအစီအစဉ် (၁) ခုကို သင့်တော်မည့်အချိန်၌ ဆောင်ရွက်သွားနိုင်ရေးအပါအဝင် အီဂျစ်နှင့် အာဆီယံနိုင်ငံများအကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
(၂၆-၇-၂၀၂၂ ရက်၊ ကိုင်ရို)
အစည်းအဝေးသို့ ကိုင်ရို့မြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး၊ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းသံအမတ်ကြီး H.E. Mr. Puttaporn Ewtoksan က အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံသံရုံးအကြီးအကဲများ၏ သဘောတူညီချက်ဖြင့် (၂၅၉) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ အစည်းအဝေးမှတ်တမ်းကို အတည်ပြုခဲ့ပါသည်။
အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် သည် (၂၁-၇-၂၀၂၂) ရက် နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် Conrad Cairo Hotel ရှိ Horus Meeting Room ၌ ကျင်းပသော အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၆၀)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News