HomeMyanmarအိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ASEAN New Delhi Committee (ANDC)၏ (၁၁၉) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်(၂၀-၇-၂၀၂၂ ရက်)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ASEAN New Delhi Committee (ANDC)၏ (၁၁၉) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်(၂၀-၇-၂၀၂၂ ရက်)

၂၀-၇-၂၀၂၂ ရက်၊ ညနေ (၁၆:၀၀) နာရီအချိန်တွင် နယူးဒေလီမြို့ရှိ စင်ကာပူသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၁၉) ကြိမ်မြောက် အာဆီယံ-နယူးဒေလီကော်မတီ (ANDC) အစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။
(၂၀-၇-၂၀၂၂ ရက်၊ နယူးဒေလီ)
အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E. Mr. Simon Wong Wie Kuen က ဥက္ကဋ္ဌ တာဝန်ယူခဲ့သည့်ကာလအတွင်း ANDC ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံသံအမတ်ကြီးများက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အာဆီယံ-နယူးဒေလီ ကော်မတီ၏ တိုးတက်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား အိန္ဒိယနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Ms. Pattarat Hongtong မှ လွှဲပြောင်းရယူခဲ့ကြောင်း သိရှိရပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News