HomeMyanmarအာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံမှ ထွက်ခွာ (၅-၇-၂၀၂၂ ရက်)

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံမှ ထွက်ခွာ (၅-၇-၂၀၂၂ ရက်)

(၅-၇-၂၀၂၂ ရက်၊ နေပြည်တော်)
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ပါသည်။
ဒုတိယဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကာလအတွင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ပုဂံမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News