HomeMyanmarတရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ-တရုတ် စင်တာ တည်ထောင်ခြင်း (၁၁)နှစ်ပြည့် အထိမ်းအမှတ်နှင့် အာဆီယံ- တရုတ် စင်တာ၏ အတွင်းရေးမှူးချုပ် H....

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ-တရုတ် စင်တာ တည်ထောင်ခြင်း (၁၁)နှစ်ပြည့် အထိမ်းအမှတ်နှင့် အာဆီယံ- တရုတ် စင်တာ၏ အတွင်းရေးမှူးချုပ် H. E. Mr. Shi Zhongjun ၏ စတင်တာဝန်ယူခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဧည့်ခံပွဲအခမ်းအနားသို့တက်ရောက် (၂၃-၁၂-၂၀၂၂ ရက်)

(၂၃-၁၂-၂၀၂၂ ရက်၊ ပေကျင်း) တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေ သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပေကျင်းမြို့၊ CP center ၌ ကျင်းပသည့် ပေကျင်းမြို့ရှိ အာဆီယံ-တရုတ်စင်တာ တည်ထောင်ခြင်း (၁၁) နှစ်ပြည့် အထိမ်းအမှတ်နှင့် အာဆီယံ- တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် L. E. Mr. Shi Zhongjun ၏ စတင်တာဝန်ယူခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် အာဆီယံ-တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတင်းများကို တရုတ်ပြည်သူများ သိရှိစေရန် တရုတ်နိုင်ငံ၏ နာမည်ကြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် Tautiao တွင် အာဆီယံ-တရုတ်စင်တာ၏ တရားဝင် မီဒီယာစာမျက်နှာ ဖွင့်လှစ်ခြင်းနှင့် Overview of Business among RCEP Member States အစီရင်ခံစာနှင့် 2021 ASEAN-China Media Cooperation အစီရင်ခံစာ လွှင့်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းလည်း ဖော်ပြအပ်ပါသည်။ ထို့ပြင် မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် အာဆီယံ-တရုတ် စင်တာ၊ အထွေထွေအတွင်းရေးမှူချုပ် H. Electronic. Mr. Shi Zhongjun နှင့် သီးခြားစီတွေ့ဆုံခဲ့ကြပြီး အာဆီယံ-တရုတ် စင်တာအောက်မှ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေးအတွက် နှစ်ဖက်အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ အာဆီယံ-တရုတ် စင်တာ၏ အထွေထွေ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံရုံးဒုတိယအကြီးအကဲ၊ တရုတ်နိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံး ဒုတိယအကြီးအကဲနှင့် ပေကျင်းမြို့အခြေစိုက် အာဆီယံသံရုံးမှ သံတမန်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများ၊ အာဆီယံ-တရုတ်စင်တာမှ ဝန်ထမ်းများ အသီးသီးတက်ရောက်ခဲ့ပါသည်။ <! —
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News