HomeMyanmarကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်က “မင်္ဂလာ” မဂ္ဂဇင်းထုတ်ဝေခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ်လှုပ်ရှားမှု အစီအစဉ်များသို့ တက်ရောက် (၂၈-၁၂-၂၀၂၂...

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်က “မင်္ဂလာ” မဂ္ဂဇင်းထုတ်ဝေခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ်လှုပ်ရှားမှု အစီအစဉ်များသို့ တက်ရောက် (၂၈-၁၂-၂၀၂၂ ရက်)

ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလ ၂၈ ရက်တွင် တဲဟုန်ပြည်နယ်ခွဲ၊ ဂျိန်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပခဲ့သော “မင်္ဂလာ” မဂ္ဂဇင်းထုတ်ဝေခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ် တတိယပိုင်း အစီအစဉ်ဖြစ်သည့် တရုတ်-မြန်မာ ချစ်ကြည်ရေး ခြင်းလုံးပြိုင်ပွဲနှင့် flash mob လှုပ်ရှားမှုအစီအစဉ်နှင့် “တရုတ်-မြန်မာ မင်္ဂလာညချမ်း” အစီအစဉ်တို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုအစီအစဉ်တွင် တရုတ်နိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများလည်း ပူးပေါင်းပါဝင်ခဲ့ပြီး နှစ်နိုင်ငံ စာပေနှင့် ယဉ်ကျေးမှုများကို အပြန်အလှန် ဖလှယ်ခဲ့ကြကာ မြန်မာ့ခြင်းလုံးအားကစားကိုလည်း တရုတ်နိုင်ငံတွင် ပိုမိုပြန့်ပွါးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ (၂၈-၁၂-၂၀၂၂ ရက်၊ ကူမင်း) ယင်းလှုပ်ရှားမှု အစီအစဉ်အား ဒီဇင်ဘာလ ၂၂ ရက်နှင့် ၂၅ ရက်တို့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ အသီးသီး ကျင်းပခဲ့ပြီး ယခုအကြိမ်တွင် တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ <! —
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News