HomeMyanmarကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့်(၁၃)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတို့သို့ပါဝင်တက်ရောက်ခဲ့ခြင်း(၁-၈-၂၀၂၂ရက်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့်(၁၃)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတို့သို့ပါဝင်တက်ရောက်ခဲ့ခြင်း(၁-၈-၂၀၂၂ရက်)

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၁ ရက်၊ နံနက်(၀၉၀၀)နာရီမှ ညနေ(၁၇၀၀)နာရီ အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Sokha Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (ASEAN Senior Officials’ Meeting) သို့ မြန်မာအဆင့်မြင့် အရာရှိကြီးကိုယ်စား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၏အဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mrs. EAT SOPHEA က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးသည် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်ဆက်စပ်၍ (၁၄၀၀)နာရီမှ (၁၅၃၀) နာရီအထိကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(13th Mekong Ganga Cooperation Senior Officials’ Meeting) သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို လာအိုအဆင့်မြင့်အရာရှိကြီး H.E.Mr. Kingphokeo PHOMMAHAXAY နှင့် အိန္ဒိယအဆင့်မြင့်အရာရှိကြီး H.E. Mr. Saurabh Kumar တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး မဲခေါင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
(၁-၈-၂၀၂၂ ရက် / ဖနောင်ပင်မြို့) <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News