HomeMyanmarကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အာဆီယံကော်မတီ၊ အော်တာဝါမြို့၏ အစည်းအဝေး နှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ပါဝင်တက်ရောက် ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အာဆီယံကော်မတီ၊ အော်တာဝါမြို့၏ အစည်းအဝေး နှင့်...

ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အာဆီယံကော်မတီ၊ အော်တာဝါမြို့၏ အစည်းအဝေး နှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ပါဝင်တက်ရောက် ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အာဆီယံကော်မတီ၊ အော်တာဝါမြို့၏ အစည်းအဝေး နှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ပါဝင်တက်ရောက် ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အာဆီယံကော်မတီ၊ အော်တာဝါမြို့၏ အစည်းအဝေး နှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ပါဝင်တက်ရောက် (၂၁-၁၂-၂၀၂၂ ရက်)

(၂၁-၁၂-၂၀၂၂ ရက်၊ အော်တာဝါ) အစည်းအဝေးတွင် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားနှင့် အာဆီယံအစားအစာပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည့်ကိစ္စရပ်အပါအဝင် အာဆီယံကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္က ဖြစ်သူ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး၏ သက်တမ်းကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စရပ် များနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက် အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံသံအမတ်ကြီးက အင်ဒိုနီးရှား နိုင်ငံသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အာဆီယံကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa-ACO) ကို အော်တာဝါမြို့တွင် အခြေစိုက်သည့် အာဆီယံနိုင်ငံ သံရုံး (၇) ရုံး (ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်) တို့ဖြင့် ဖွဲ့စည်းထားပြီး၊ အက္ခရာစဉ်အလိုက် တာဝန်ယူသည့် အာဆီယံကော်မတီအလှည့်ကျဥက္ကဋ္ဌ၏ သက်တမ်းမှာ (၆)လဖြစ်ကြောင်း သိရှိရပါသည်။ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa-ACO) ၏ (၂၇၅) ကြိမ်မြောက်အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ အော်တာဝါမြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ <! —
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News