- Advertisement -
HomeMyanmar(၄၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဆက်ဆံရေး အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံစက်ဘီးစီးပွဲအခမ်းအနားနှင့် အာဆီယံမိသားစုနေ့ အခမ်းအနားများသို့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ...

(၄၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဆက်ဆံရေး အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံစက်ဘီးစီးပွဲအခမ်းအနားနှင့် အာဆီယံမိသားစုနေ့ အခမ်းအနားများသို့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်(၁-၁၀-၂၀၂၂ ရက်)

(၄၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဆက်ဆံရေးအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘရပ်ဆဲလ်မြို့၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားသံရုံးများကကြီးမှူး၍ အာဆီယံစက်ဘီးစီးပွဲ (Bike Ride) နှင့် အာဆီယံမိသားစုနေ့ (ASEAN Family Day) အခမ်းအနားများကို ၁-၁၀-၂၀၂၂ ရက်တွင် ယင်းနိုင်ငံများ၏ သံရုံးများ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးလင်းဟန်နှင့်ဇနီး၊ မြန်မာသံရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များ  ပါဝင်တက်ရောက်ခဲ့ပါသည်။
ထို့နောက် ၁၁:၃၀ နာရီအတွင် အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ အာဆီယံမိသားစုနေ့အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အာဆီယံ ဘရပ်ဆဲလ်ကော်မတီ (ABC) အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Nong Sakal နှင့် ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (EEAS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး      H.E. Mr. Gunnar Wiegand တို့က အဖွင့်အမှာစကား အသီးအသီး ပြောကြားခဲ့ကြပါသည်။ အာဆီယံမိသားစုနေ့ အခမ်းအနားတွင် ဘရပ်ဆဲလ်မြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှုအဆို၊ အကများ (Cultural Performances)နှင့် ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ 
အခမ်းအနားများသို့ ဥရောပကောင်စီ၊ ဥရောပကော်မရှင်၊ ဥရောပပါလီမန်၊ ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (EEAS) နှင့် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊သက်ဆိုင်ရာ အရာရှိများ၊ ဘရပ်ဆဲလ်မြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ အခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
(၁-၁၀-၂၀၂၂ ရက်၊ ဘရပ်ဆဲလ်)
ရှေးဦးစွာ အာဆီယံစက်ဘီးစီး အခမ်းအနားကို မလေးရှားသံရုံး၌ နံနက် ၁၀:၃၀ နာရီတွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များက မလေးရှားသံရုံးမှ အင်ဒိုနီးရှားယဉ်ကျေးမှုစင်တာထိ စက်ဘီးစီးနင်းခဲ့ကြပါသည်။ <!–
–>

Source

Stay Connected
251FansLike
444FollowersFollow
Must Read
Related News