- Advertisement -
HomeMyanmar(၄၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဆက်ဆံရေး အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံစက်ဘီးစီးပွဲအခမ်းအနားနှင့် အာဆီယံမိသားစုနေ့ အခမ်းအနားများသို့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ...

(၄၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဆက်ဆံရေး အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံစက်ဘီးစီးပွဲအခမ်းအနားနှင့် အာဆီယံမိသားစုနေ့ အခမ်းအနားများသို့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်(၁-၁၀-၂၀၂၂ ရက်)

ထို့နောက် ၁၁:၃၀ နာရီအတွင် အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ အာဆီယံမိသားစုနေ့အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အာဆီယံ ဘရပ်ဆဲလ်ကော်မတီ (ABC) အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Nong Sakal နှင့် ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (EEAS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး      H.E. Mr. Gunnar Wiegand တို့က အဖွင့်အမှာစကား အသီးအသီး ပြောကြားခဲ့ကြပါသည်။ အာဆီယံမိသားစုနေ့ အခမ်းအနားတွင် ဘရပ်ဆဲလ်မြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှုအဆို၊ အကများ (Cultural Performances)နှင့် ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ 
ရှေးဦးစွာ အာဆီယံစက်ဘီးစီး အခမ်းအနားကို မလေးရှားသံရုံး၌ နံနက် ၁၀:၃၀ နာရီတွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များက မလေးရှားသံရုံးမှ အင်ဒိုနီးရှားယဉ်ကျေးမှုစင်တာထိ စက်ဘီးစီးနင်းခဲ့ကြပါသည်။
(၁-၁၀-၂၀၂၂ ရက်၊ ဘရပ်ဆဲလ်)
အခမ်းအနားများသို့ ဥရောပကောင်စီ၊ ဥရောပကော်မရှင်၊ ဥရောပပါလီမန်၊ ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (EEAS) နှင့် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊သက်ဆိုင်ရာ အရာရှိများ၊ ဘရပ်ဆဲလ်မြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ အခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
(၄၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဆက်ဆံရေးအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘရပ်ဆဲလ်မြို့၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားသံရုံးများကကြီးမှူး၍ အာဆီယံစက်ဘီးစီးပွဲ (Bike Ride) နှင့် အာဆီယံမိသားစုနေ့ (ASEAN Family Day) အခမ်းအနားများကို ၁-၁၀-၂၀၂၂ ရက်တွင် ယင်းနိုင်ငံများ၏ သံရုံးများ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးလင်းဟန်နှင့်ဇနီး၊ မြန်မာသံရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များ  ပါဝင်တက်ရောက်ခဲ့ပါသည်။ <!–
–>

Source

Stay Connected
251FansLike
444FollowersFollow
Must Read
Related News