HomeMyanmar(၁၆) ကြိမ်မြောက် International Travel Expo Ho Chi Minh City 2022 တွင် မြန်မာကိုယ်စားပြုပြခန်း...

(၁၆) ကြိမ်မြောက် International Travel Expo Ho Chi Minh City 2022 တွင် မြန်မာကိုယ်စားပြုပြခန်း ပါဝင်ပြသ(၈-၉-၂၀၂၂ ရက်)

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၊ ပြည်သူ့ကော်မတီနှင့် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတို့၏ စီစဉ်မှုအရ (၁၆)ကြိမ်မြောက် International Travel Expo Ho Chi Minh City အား ၈-၉-၂၀၂၂ ရက်နေ့မှ ၁၀-၉-၂၀၂၂ ရက်နေ့အတွင်း “Growing Forward Together” ခေါင်းစဉ်ဖြင့် Saigon Exhibition & Convention Centre (SECC) တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပြပွဲတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ ပြခန်းပေါင်း (၂၆၀) ခု ပါဝင်ပြသခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ ကြီးကြပ်၍ မြန်မာနိုင်ငံကိုယ်စားပြု ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ပြခန်းတစ်ခန်း ပါဝင်ပြသခဲ့ပါသည်။
(၈-၉-၂၀၂၂ ရက်၊ ဟိုချီမင်း)
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် နိုင်ငံတကာမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးများနှင့် ဌာနဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ သံရုံးများမှကိုယ်စားလှယ်များ၊ အစိုးရ-ပုဂ္ဂလိက ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များနှင့် Myanmar Tourism Marketing Association မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ပြပွဲသို့ နိုင်ငံတကာဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ (၂၀၀၀၀) ကျော် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News