HomeMyanmarအာဆီယံ-အီးယူ (၄၅) နှစ်မြောက် တွေ့ဆုံဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေး နှစ်ပတ်လည် နေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း(၁၄-၁၂-၂၀၂၂ ရက်)

အာဆီယံ-အီးယူ (၄၅) နှစ်မြောက် တွေ့ဆုံဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေး နှစ်ပတ်လည် နေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း(၁၄-၁၂-၂၀၂၂ ရက်)

လာအိုအစိုးရနှင့် European Union (EU) Abordnung တို့ပူးပေါင်း၍ အာဆီယံ-အီးယူ (၄၅) နှစ်မြောက် တွေ့ဆုံဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဓာတ်ပုံ (၄၅) ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၄-၁၂-၂၀၂၂ ရက်နေ့၊ နံနက် (၁၀) နာရီတွင် ဗီယင်ကျန်းမြို့၊ Patuxay Monument အနီးရှိ တရားရေးဝန်ကြီးဌာန အဆောက်အအုံဟောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသည် အာဆီယံနှင့် အီးယူအကြား မိတ်ဖက်ဆက်ဆံမှုအကြောင်း ကို အဆင့်မြင့်အစည်းအဝေးဆိုင်ရာ ဓာတ်ပုံများမှတစ်ဆင့် ပြသခြင်းဖြစ်ပြီး အဆိုပါဓာတ်ပုံ များသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် အဖွဲ့အစည်းနှစ်ခုအကြား နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေလျက်ရှိပါကြောင်း သိရှိရပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H. E. Mister. Thongphan Savanphet ၊ လာအိုနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး H. E. Ms. Ina Marčiulionytė နှင့် လာအိုနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H. E. Microsoft. Thong Sokuntheary တို့က အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ အဆိုပါဓာတ်ပုံပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ အီးယူနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့ကြပြီး မြန်မာသံရုံး ကလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ <! —
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News