HomeMyanmarအာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်(၈-၉-၂၀၂၂ ရက်)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်(၈-၉-၂၀၂၂ ရက်)

ယခု တတိယအကြိမ်မြောက်အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေး အစီရင်ခံစာအပေါ် လမ်းညွှန်မှုပေးခြင်း၊ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးအတွက် သက်ဆိုင်သူအားလုံး (Stakeholders) နှင့်ဆွေးနွေးမည့်အစီအစဉ်၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ စီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်နှင့် လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်တို့မှ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းမည့် အဓိကအချက်များ (Core Elements)နှင့် အာဆီယံအဖွဲ့အစည်း ခိုင်မာစေခြင်းနှင့် စွမ်းဆောင်ရည် အားကောင်းစေရေးအတွက် အကြံပြုချက်စာတမ်းတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် ပူးတွဲသဘာပတိများအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Chem Widhya နှင့် မလေးရှားနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ် H.E. Dato’ Zainuddin Yahya တို့က ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးသို့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်သည် မြန်မာနိုင်ငံ၏ Alternate Eminent Personနှင့် High-Level Representative အဖြစ်တက်ရောက်ခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ (Eminent Person) ၊ အဆင့်မြင့် ကိုယ်စားလှယ်များ (High-Level Representatives)နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ၇-၉-၂၀၂၂ ရက်နေ့မှ ၈-၉-၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ တတိယ အကြိမ်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံ ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး၊ အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃) ရပ်၏ကိုယ်စားလှယ်များနှင့် မြန်မာအဖွဲ့ရုံး၊ ဂျကာတာမြို့မှ အရာထမ်းများအား ဦးဆောင်၍ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတက်ရောက်သူများက အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းရန် ပေးပို့ထားပြီးဖြစ်သည့် အဆိုပြုချက်များသည် အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများနှင့်အညီ လက်ရှိ အာဆီယံအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုနှင့် ကာလလယ် သုံးသပ်ချက်ကို အခြေခံသင့်ပါကြောင်း၊ ပြင်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ပိုမိုစည်းလုံးသည့် အားလုံး ပါဝင်သော တုံ့ပြန်နိုင်မှု အားကောင်းသည့် အဖွဲ့အစည်းအဖြစ်နှင့် အာဆီယံ၏ အချက်အချာကျမှုနှင့် ဦးဆောင်မှု မြှင့်တင်နိုင်မည့်အချက်များကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News