HomeMyanmarအမြဲတမ်းအတွင်းဝန် ဦးချမ်းအေး အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက် (၂၁-၉-၂၀၂၂ ရက်)

အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက် (၂၁-၉-၂၀၂၂ ရက်)

အဆိုပါအစည်းအဝေးအား ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E. EAT Sophea က အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။
(၂၁-၉-၂၀၂၂ ရက်၊ နေပြည်တော်)
အစည်းအဝေးတွင် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သို့ ပြင်ပနိုင်ငံများက ဝင်ရောက်လက်မှတ်ရေးထိုးရန် လျှောက်ထားလာခြင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများတွင် အာဆီယံကိုယ်စားလှယ်အဖြစ် အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး၊ (၄၀) ကြိမ်မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများ ကြိုတင်ပြင်ဆင်ခြင်းနှင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေး၏ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကိစ္စများအပေါ် ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ၂၁-၉-၂၀၂၂ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာအဆင့်မြင့် အရာရှိကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးက အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သို့ ပြင်ပနိုင်ငံများက ဝင်ရောက်လက်မှတ်ရေးထိုးရန် လျှောက်ထားသည့် အရေအတွက် တိုးလာခြင်းကို ကြိုဆိုပါကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဦးဆောင်ကျင်းပမည့် ယင်းစာချုပ်၏ ပထဝီဝင် လွှမ်းခြုံမှုနှင့် အသုံးချနိုင်မှုတို့ကို သုံးသပ်ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲကို ကြိုဆိုကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့်အာဆီယံတူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ခြင်းတွင် မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် တိုးတက်မှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News