HomeMyanmarအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak...

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ(၂၁-၉-၂၀၂၂ ရက်)

(၂၁-၉-၂၀၂၂ ရက်၊ နေပြည်တော်)
AHA Centre မှ တစ်ဆင့်ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ စီမံ ခန့်ခွဲရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၁-၉-၂၀၂၂ ရက်နေ့၊ ၁၅:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါအစည်း အဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ် ရေးအတွက် ပူးတွဲလေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံမှ အကောင်းဆုံးပံ့ပိုးသွားမည့်ကိစ္စနှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ များကို ပေးအပ်ရာတွင် မည်သူမျှချန်လှပ်မှုမရှိစေရေးမူဝါဒအပေါ် အခြေခံ၍ ဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘောဒီးယားနိုင်ငံအစိုးရတို့အကြား ပူးတွဲ ကာကွယ်ဆေးထိုးနှံပေးရေးအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News