HomeMyanmarမြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာတရားရုံး အမိန့်ဖတ်ကြားပွဲသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ် အဖွဲ့နယ်သာလန်နိုင်ငံသို့ရောက်ရှိ(၂၁-၇-၂၀၂၂ ရက်)

မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာတရားရုံး အမိန့်ဖတ်ကြားပွဲသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ် အဖွဲ့နယ်သာလန်နိုင်ငံသို့ရောက်ရှိ(၂၁-၇-၂၀၂၂ ရက်)

ထို့နောက်မြန်မာကိုယ်စားလှယ်အဖွဲ့သည်အမ်စတာဒမ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့၂၀၂၂ခုနှစ်ဇူလိုင်လ၂၁ရက်နေ့၊ နံနက်၀၆၃၅နာရီတွင်ရောက်ရှိခဲ့ရာမြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီးဦးစိုးလင်းဟန်နှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင်လာရောက်ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
(၂၁-၇-၂၀၂၂ ရက်/ နေပြည်တော်)
အဆိုပါတရားရုံးအမိန့်ဖတ်ကြားပွဲသို့ တက်ရောက်ရန် ကိုယ်စားလှယ် (Agent) ဖြစ်သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် အလှည့်ကျကိုယ်စားလှယ်(Alternate Agent) ဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ပူးတွဲခေါင်းဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်၂၀၂၂ခုနှစ်၊ ဇူလိုင်လ၂၀ရက်နေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ စတင်ထွက်ခွာခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းဦးဆောင်သော တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လိုက်လံပို့ဆောင်ခဲ့ပါသည်။
ဂမ်ဘီယာနိုင်ငံသည်မြန်မာနိုင်ငံကိုအပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက် သည်ဟုစွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကတင်သွင်းခဲ့သည့်ကနဦး ကန့်ကွက်လွှာ (Preliminary Objections) အပေါ် တရားရုံးအမိန့်ဖတ်ကြားပွဲကို နယ်သာလန် နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင်၂၀၂၂ခုနှစ်၊ ဇူလိုင်လ၂၂ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပါသည်။ <!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News