HomeMyanmarချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် ပြုလုပ်သော ASEAN+3 Film Festival တွင် “The Great Myanmar” ရုပ်ရှင် ပါဝင်ပြသ(၁၂-၉-၂၀၂၂...

ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် ပြုလုပ်သော ASEAN+3 Film Festival တွင် “The Great Myanmar” ရုပ်ရှင် ပါဝင်ပြသ(၁၂-၉-၂၀၂၂ ရက်)

 
(၁၂-၉-၂၀၂၂ ရက်၊ ပရာ့ဂ်)
ချက်နိုင်ငံတွင် ရုံးစိုက်သော အာဆီယံနိုင်ငံ (၆)နိုင်ငံမှ သံရုံးများ (မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်)၊ တရုတ်၊ ဂျပန်၊ ကိုရီးယား သံရုံးတို့နှင့် ပရာ့ဂ်မြို့တော်စာကြည့်တိုက်တို့ ပူးပေါင်းကျင်းပသော ASEAN+3 Film Festival 2022 တွင် “The Great Myanmar” ရုပ်ရှင်အား ပါဝင်ပြသခဲ့ပါသည်။ ၁-၉-၂၀၂၂ ရက်နေ့တွင် ပြုလုပ်သော ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီ တာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင်၊ အာဆီယံသံရုံးများနှင့် ASEAN+3 နိုင်ငံများမှ သံရုံးအကြီးအကဲများ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ASEAN+3 Film Festival 2022 သို့ ပရာ့ဂ်မြို့တွင် အခြေပြုသောသံအမတ်ကြီးများ၊ သံတမန်များနှင့် ချက်ပြည်သူများတက်ရောက်ခဲ့ကြပြီး ချက်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မာတင်တလာပါက ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။
မြန်မာရုပ်ရှင် “The Great Myanmar” ကို ၉-၉-၂၀၂၂ ရက်နေ့တွင် ပြသခဲ့ပြီး ပရာ့ဂ်မြို့ရှိ သံတမန်အသိုင်းအဝိုင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ချက်ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သတင်းရရှိပါသည်။

<!–
–>

Source

Stay Connected
255FansLike
473FollowersFollow
Must Read
Related News